အိန္ဒိယနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့သည့် ဆန်၊ ဟင်းချက်ဆီ၊ ခေါက်ဆွဲနှင့် ဘီစကစ်များပါဝင်သည့် အစားအစာ ၄၄၂ တန် မြန်မာနိုင်ငံသို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။ငလျင်ဒဏ်သင့်ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအဖြစ် အစားအစာအကူအညီ ဖြစ်သည့် ဆန်၊ ဟင်းချက်ဆီ၊ ခေါက်ဆွဲနှင့် ဘီစကစ်များ စုစုပေါင်း ၄၄၂ တန် သယ်ဆောင်လာသော အိန္ဒိယရေတပ်မတော်၏ INS Gharial သင်္ဘောသည် ဧပြီ ၅ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အဆိုပါအစားအစာအကူအညီများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် အိန္ဒိယနိုင်ငံသည် မန္တလေးရှိ ငလျင်ဖြစ်ပွားရာနေရာတွင် ခုတင် ၂၀၀ ဆံ့ ယာယီဆေးရုံကိုတည်ဆောက်ပြီး ယင်းဆေးရုံတွင်လူနာများအား ကုသပေးနေကာ ခွဲစိတ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။



