back

စစ်ကိုင်းတံတားသစ်အက်ကြောင်းပေါ်လို့ ကုန်တင်ယာဉ်များ ဇက်နဲ့အခမဲ့ကူးနေရ၊ ကလေးမှာ လောင်စာဆီစျေး အနည်းငယ်တက်

Apr 05 • 11:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတံတားသစ်အက်ကြောင်းပေါ်လို့ ကုန်တင်ယာဉ်များ ဇက်နဲ့အခမဲ့ကူးနေရ၊ ကလေးမှာ လောင်စာဆီစျေး အနည်းငယ်တက်

စစ်ကိုင်းငလျင်လှုပ်ပြီးနောက် စစ်ကိုင်းတံတားဟောင်းပျက်စီးပြီး တံတားသစ်လည်း အက်ကြောင်းပေါ်နေလို့ မန္တလေးမြို့ကနေ အထက်မြန်မာပြည်သို့ ကုန်စည်တင်ပို့တဲ့လမ်းကြောင်းဖြ...

စစ်ကိုင်းငလျင်လှုပ်ပြီးနောက် စစ်ကိုင်းတံတားဟောင်းပျက်စီးပြီး တံတားသစ်လည်း အက်ကြောင်းပေါ်နေလို့ မန္တလေးမြို့ကနေ အထက်မြန်မာပြည်သို့ ကုန်စည်တင်ပို့တဲ့လမ်းကြောင်းဖြစ်လို့ ဆိပ်ကမ်းတွင် ကားအစီးရေ ၆၀၀ လောက် တန်းစီနေရပါတယ်။ ဇက်ကူးခကိုတော့ အခမဲ့ တင်ဆောင်ပေးတယ်လို့သိရတယ်။ စစ်ကိုင်းတံတားသစ်ပေါ်ကနေ ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။ စစ်ကိုင်းငလျင်လှုပ်ပြီးနောက် ကလေးမြို့တွင် လောင်စာဆီစျေး ၃,၀၀၀ ကျော်စျေးတက်သွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ 



news-view-count-icon

16