ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာေထာက်ထားမှုဆိုင်ရာ ဆေးဝါးနဲ့ စားစရာပစ္စည်းအကူအညီတွေ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အဆက်မပြတ်ရောက်ရှိလျက်ရှိရာဧပြီလ၄ရက်နေ့ နံနက် ၇ နာရီမှာ စင်ကာပူနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ 36 ဦးဟာ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာပြီး လာအိုနိုင်ငံမှလည်း လေယာဉ်တစ်စီးဟာနေ့လည်ပိုင်း ၁၁နာရီ ၃၄မိနစ်မှာလည်း ကုန်ချိန် 2800 kg ရှိ ဆေးဝါးနဲ့ ရေသန့်တွေ ကူညီထောက်ပံ့ပစ္စည်းတွေ ရောက်ရှိလာခဲ့ပြီးမွန်းလွဲ 1 နာရီ 39 မိနစ်မှာလည်းဘူတန်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ 47 ယောက်အပါအဝင် အစားအသောက် ဆေးဝါးနဲ့ မိုဘိုင်းဆေးကုသရေးပစ္စည်းတွေ ရောက်ရှိလာပါတယ်။တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ကုန်တင်လေယာဉ်တစ်စီး တတိယအသုတ်အနေနဲ့ တန်ချိန် ၂၀၈၉ တန်ချိန်ရှိ ဆေးဝါးတွေ ထောက်ပံ့ပစ္စည်းတွေ ထပ်မံရောက်ရှိလာပါတယ်။တရုတ်နိုင်ငံအပြင် မွန်းလွဲ 2 နာရီ မိနစ် 40မှာလည်း အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် 100 ရှိ ကူညီထောက်ပံရေးလေယာဉ် တစ်စီး နိုင်ငံအချို့က ဆေးဝါးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အသီးသီးရောက်ရှိလာတယ်လို့ သိရပါတယ်။
Apr 05 • 7:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


