မြန်မာ့ဖူဆယ်ကလပ် MIU ကစားသမားဟောင်းဖြစ်သည့်လက်ရွေးစင်ဖူဆယ်ကစားသမား မျိုးသက်အောင်ဟာ MIU အသင်းနဲ့အတူ ၂၀၂၄ဖူဆယ်လိဂ်ချန်ပီယံဖြစ်ပြီးနောက် ထိုင်းလိဂ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ပြည်ပထွက်ကစားခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမား မျိုးသက်အောင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ထိုင်းဖူဆယ်လိဂ်ကလပ် North Bangkok FC အသင်းကို ပြောင်းရွှေ့ကစားမှာဖြစ်ပြီး ပထမဆုံးရရှိမယ့် လစာအားလုံးကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။



