back

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေရှင်းလင်းရာမှာ တွေ့ရှိတဲ့ ပိုက်ဆံနဲ့ လက်ဝတ်ရတနာ တွေကို ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းအဖွဲ့ကပိုင်ရှင် တွေဆီ ပြန်ပေးခဲ့

Apr 05 • 7:05 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေရှင်းလင်းရာမှာ တွေ့ရှိတဲ့ ပိုက်ဆံနဲ့ လက်ဝတ်ရတနာ တွေကို ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းအဖွဲ့ကပိုင်ရှင် တွေဆီ ပြန်ပေးခဲ့

မန္တလေးနဲ့ စစ်ကိုင်းတို့မှာ ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေကိုရှင်းလင်းရာက ထွက်လာတဲ့ ပိုက်ဆံတွေနဲ့ လက်ဝတ်ရတနာတွေကို ပိုင်ရှင်တွေဆီ အပ်နှံခဲ့တယ်လို့ ...

မန္တလေးနဲ့ စစ်ကိုင်းတို့မှာ ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေကိုရှင်းလင်းရာက ထွက်လာတဲ့ ပိုက်ဆံတွေနဲ့ လက်ဝတ်ရတနာတွေကို ပိုင်ရှင်တွေဆီ အပ်နှံခဲ့တယ်လို့ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက ယာဉ်ယန္တရားတွေနဲ့ အတူ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြိုကျနေတဲ့ အဆောက်အဦးတွေကိုလိုက်လံရှင်းနေပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း လိုက်လံဝေငှနေတဲ့ အဖွဲ့အစည်းဖြစ်ကာမန္တလေးမြို့ (၂၈ လမ်း ၊ ၈၁ x ၈၂) ကြားရှိ ပြိုကျအဆောက်အုံကို Volunteer တွေ ကယ်ဆယ်ရှင်းလင်းရေးပြုလုပ်ရာက ငွေသား သိန်းခြောက်ဆယ်ကျော်ကို တွေ့ရှိတာကြောင့် အိမ်ရှင်ဆီ လက်ဝယ်ပြန်လည်အပ်နှံခဲ့ကာ ဧပြီလ၄ရက်နေ့ကလည်း စစ်ကိုင်းမြို့ ရှိ ပြိုကျအဆောက်အုံ တွေကို ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း က Volunteer တွေ ကယ်ဆယ်ရှင်းလင်းရေးပြုလုပ်ရာကနေ ငွေကျပ် သိန်း ၁၃၀ ခန့်ငွေနဲ့အတူရွှေ ၃ကျပ်သား ပါဝင်တဲ့ မီးခံသေတ္တာ တစ်လုံး တွေ့ရှိတာကြောင့် ပိုင်ရှင်ဖြစ်သူကျောင်းထိုင်ဆရာလေး လက်ထဲအပ်နှံခဲ့တယ်လို့ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းဆီက သိရပါတယ်။



news-view-count-icon

17