၂၀၂၆ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စု (C) တွင် ကျရောက်ခဲ့သည်ဟု MFF မှ သိရပါတယ်။ခြေစစ်ပွဲဝင်မည့် (၃၄)သင်းကို ငါးသင်းပါ နှစ်အုပ်စု၊ လေးသင်းပါ ခြောက်အုပ်စုခွဲပြီး ရေးဆွဲခဲ့ခြင်းဖြစ်ရာ ခြေစစ်ပွဲစဉ်များအား အိမ်ရှင်အဖြစ် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်တို့က လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ခြေစစ်ပွဲစဉ်များကို ၂၀၂၅၊ ဇွန်လ(၂၃)ရက်မှ ဇူလိုင်လ(၅)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပွဲစဉ်များကို ဩစတြေးလျနိုင်ငံ၊ မြို့ကြီး(၃)မြို့တွင် ၂၀၂၆ ၊ မတ်လ(၁)ရက်မှ (၂၆)ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။



