back

ပြည်တွင်းငလျင်ကြောင့် နေပြည်တော် ဥတ္တရသီရိမှာ ဆေးရုံနဲ့ စျေးဝယ်စင်တာတွေ ပျက်စီးထိခိုက်ခဲ့ရ

Apr 05 • 6:49 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

ပြည်တွင်းငလျင်ကြောင့် နေပြည်တော် ဥတ္တရသီရိမှာ ဆေးရုံနဲ့ စျေးဝယ်စင်တာတွေ ပျက်စီးထိခိုက်ခဲ့ရ

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဥတ္တရသီရိဆေးရုံကြီး (ပင်လုံဆေးရုံအုပ်စု) အပါအဝင် ဟိုတယ်နဲ့ စျေးဝယ်စင်တာတွေလို ကြီးမားတဲ့ အဆောက်အဦးတစ်ချို့ ပြိုကျပျက်စီးခဲ့ပါတယ်...

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဥတ္တရသီရိဆေးရုံကြီး (ပင်လုံဆေးရုံအုပ်စု) အပါအဝင် ဟိုတယ်နဲ့ စျေးဝယ်စင်တာတွေလို ကြီးမားတဲ့ အဆောက်အဦးတစ်ချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ဥတ္တရသီရိဆေးရုံကြီးမှာဆိုရင်း သုံးထပ်အဆောက်ဦးရဲ့ အောက်ဆုံးအထပ်ဟာ မြေကြီးထဲအထိ နစ်ဝင်သွားခဲ့ပြီး နှစ်ထပ်သာကျန်တော့တာဖြစ်ရာဆေးရုံပြိုကျမှုမှာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်တဲ့ လူနာ၊ ဆေးရုံစောင့်၊ ဆရာဝန်၊ သူနာပြုတွေ ရှိသလို သေဆုံးသူလည်း အနည်းဆုံး ဆယ်ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေပြည်တော်ဟိုတယ်ဇုံ (၂) က ဟိုတယ်အဆောက်အဦးတချို့ လည်း ပြိုကျပျက်စီးခဲ့သလို Ocean စျေးဝယ်စင်တာ၊ ဇလပ်ဝါစျေးဝယ်စင်တာတို့လည်း ထိခိုက်ပျက်စီးခဲ့တာကြောင့် အဲဒီစျေးဝယ်စင်တာတွေလည်း လက်ရှိမှာပိတ်ထားရပါတယ်။


news-view-count-icon

20