မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီရန်အတွက် စင်ကာပူနိုင်ငံမှ ဆိုက်ဘော့ ပိုးဟပ် ၁၀ ကောင်ကို မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သလိုမြန်မာမှာ ရောက်ရှိနေသည့် စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ Singapore Civil Defence Force (SCDF) ၏ Lionheart Operation တွင် ပါဝင်ခဲ့ပြီးရှာဖွေကယ်ဆယ်ရေးတွင် ဆိုက်ဘော့များကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ကာအင်းဆက်-မျိုးစပ် စက်ရုပ်များကို ပြင်ပလုပ်ငန်းခွင်တွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်၍မတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ပထမဆုံး နေရာချခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော်၌ နှစ်ကြိမ် အသုံးပြုခဲ့ပါတယ်။



