back

ပြည်တွင်းငလျင်အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် စင်ကာပူနိုင်ငံမှ လှူဒန်းသော ပစ္စည်းများ မြန်မာသို့လွှဲပြောင်းပေးအပ်ခဲ့

Apr 05 • 7:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းငလျင်အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် စင်ကာပူနိုင်ငံမှ လှူဒန်းသော ပစ္စည်းများ မြန်မာသို့လွှဲပြောင်းပေးအပ်ခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စင်ကာပူနိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် စင်ကာပူ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စင်ကာပူနိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် စင်ကာပူနိုင်ငံ Changi Regional HADR Coordination Centre (RHCC)မှ လှူဒါန်းသော ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ဧပြီလ(၄)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပြီး

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူနိုင်ငံ သံအမတ်ကြီး HE MS. Vanessa Chan က စင်ကာပူနိုင်ငံ Changi Regional HADR Coordination Center(RHCC)မှ လှူဒါန်းသော ပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ လက်ခံခဲ့ပါတယ်။လှူဒါန်းသော ပစ္စည်းများတွင် Canned Sardines 12 kg 420 Box ၊ Water Filters (5 Kg) 159 Box ၊ Water Bags(26.5 Kg) 108 Box ၊ ၊ Family Tent 16 Nos တို့ပါဝင်ပြီး လှူဒါန်းထားသောပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက် ဖြန့်ဖြူး ပေးဝေသွားမှာဖြစ်ပါတယ်။



news-view-count-icon

31