ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကူညီဖို့ “မန္တလေး ၈၂” လို့ အမည်ပေးထားတဲ့ ထိုင်းတပ်မတော် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ ဒုတိယအသုတ်ကို ဒီကနေ့ ဧပြီလ ၅ ရက်မှာ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကနေ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။"မန္တလေး ၈၂” လို့ အမည်ပေးထားတဲ့ အဲ့ဒီ ထိုင်းတပ်မတော် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အားဖြည့် ကူညီပေးမှာ လည်းဖြစ်ပါတယ်။ 
Apr 05 • 6:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


