ရုပ်သံဇာတ်လမ်းတွဲအတွင်း သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်များကြား ရေပန်းစားကာ ပရိသတ်အားပေးမှု ရခဲ့သည့် သရုပ်ဆောင် ပိုးကြာဖြူခင်က ငလျင်ဘေးသင့်သော ဒေသခံများအတွက် စားသောက်ဖွယ်ရာများကို လှူဒါန်းနေလျက်ရှိရာ သင်္ကြန်မတိုင်ခင်ကာလအထိ လှူဒါန်းသွားရန်ပြင်ဆင်ထားပါတယ်။လှူဒါန်းရာတွင် ထမင်းနှင့်ဟင်း၊ ရေသန့်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာအပါအဝင် နေ့စဉ်သုံး လူသုံး ကုန် ပစ္စည်း များကို လှူဒါန်းနေခြင်းလည်းဖြစ်ပြီး ဧပြီ ၁ ရက်မှ စတင်၍ သင်္ကြန်မတိုင်ခင်အထိ လှူဒါန်းနိုင်ရန် လုပ်ဆောင်နေကာ"ထမင်း၊ ဟင်းချက်ပြုတ်လှူဒါန်းတဲ့ ရက်မျိုးရှိသလို လက်ဖက်ထမင်း၊ ကြက်ဥပြုတ်၊ ငါးခြောက်ကြော်၊ သရက်ချဉ်သုပ် တွေကိုလည်း လှူဒါန်းခဲ့ပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သလိုဆိုင်ကိုယာယီပိတ်ထား၍ ကူညီ လှူဒါန်းမှု အစီအစဉ်များကိုသာ အားတက်သရောလုပ်ဆောင်နေပါတယ်။
သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ ငလျင်ဘေးသင့်သူများအတွက် စားသောက်ဖွယ်ရာများ သင်္ကြန်မတိုင်ခင်အထိ နေ့စဉ်လှူဒါန်းနေ
Apr 05 • 6:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


