အဆိုတော်မနောကတော့ လောကမှာ အရာအားလုံးက မမြဲဘူးဆိုတာ ပိုပြီးလက်တွေ့သိလာခဲ့ရတယ်လို့ ဆိုပါတယ်။ မနောဟာ စစ်ကိုင်းမှာနေထိုင်လာခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ စစ်ကိုင်းဗဟိုပြု ငလျင်ကြောင့် သူနေထိုင်ရာစစ်ကိုင်းအိမ်ဟာလည်း ပြန်ပြီးနေလို့မရအောင်ကို ပြိုကျပျက်စီးသွားခဲ့ပါတယ်။ မနောရဲ့ သမီးလေး မေကြေးမုံဟာလည်း သီလရှင်ဘဝနဲ့ စစ်ကိုင်းမှာ သီတင်းသုံးနေခဲ့တာ ၃ နှစ်ကြာရှိခဲ့ပြီဖြစ်ပါတယ်။ ယခုလိုမျိုးတင်ရခြင်းဟာ မမြဲခြင်းတရားကိုသိစေချင်တဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး အိမ် ၂ ထပ်ရှိရာ အောက်အထပ်မှာ မြေကြီးထဲကျွံဝင်သွားပြီး အပေါ်တစ်ထပ်သာကျန်ရှိခဲ့တော့တယ်လို့ သူကရှင်းပြလာတာလည်းဖြစ်ပါတယ်။
Apr 05 • 6:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


