တရုတ်နိုင်ငံ ရထားလုပ်ငန်းက ယခုနှစ် ဧပြီ ၄ ရက်၌စတင်ကာ သုံးရက်တာကြာမြင့်မည့် ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း ခရီးသွားလာမှု မြင့်တက်ရေးမျှော်မှန်းချက်အတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ခရီးသွားလာမှု ဧကန်စင်စစ်များပြားချိန်မှာ ဧပြီ ၃ ရက်မှစ၍ ငါးရက်တာကာလဖြစ်သည်ဟု တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းလည်ပတ်သူ China Railway ကုမ္ပဏီက ဆိုသည်။ မီးရထားလုပ်ငန်းလည်ပတ်သူက ဧပြီ ၃ ရက်မှ ၇ ရက်အထိ စုစုပေါင်း ခရီးသည်ခရီးစဉ် အရေအတွက် ၈၄.၅ သန်း၊ နေ့စဉ်ပျမ်းမျှ ခရီးစဉ် ၁၆.၉ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ 
Apr 05 • 1:42 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


