ကမ္ဘာ့ဉာဏ်ရည်တု(AI)ဈေးကွက်က ၂၀၃၃ ခုနှစ်မှာ ဒေါ်လာ ၄ ဒသမ ၈ ထရီလီယံအထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး ကမ္ဘာတဝန်းက အလုပ်အကိုင်ပေါင်းထက်ဝက်နီးပါးကို ထိခိုက်စေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။AI က စီးပွားရေးကို ပြောင်းလဲစေပြီး ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနေသလို လက်ရှိ မညီမျှမှုတွေကို ပိုမိုဆိုးရွားစေမယ့် အန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(UNCTAD)က အစီရင်ခံစာတစောင်မှာ သတိပေးထားပါတယ်။
Apr 05 • 1:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


