မတ်လ၂၈ ရက် မှ ဧပြီ ၄ရက် ည ၇နာရီ အထိ နောက်ဆက်တွဲ ငလျင် အကြိမ် ၇၅ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန် ထားပါတယ်။ နောက်ဆက်တွဲ မြေငလျင် လှုပ်ခတ်မှု မှာလည်း ငလျင်ဒဏ်ပြင်းထန်စွာ ခံစား ခဲ့ရတဲ့ မန္တလေး စစ်ကိုင်း နေပြည်တော် အပါအဝင် နေရာ အတော်များများ မှာ အင်အားအနည်းငယ်မှ အင်အားအသင့်တင့်ရှိ ငလျင်တွေ လှုပ်ခတ် ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ငလျင်ဒဏ် ပြင်းထန်စွာမခံစားခဲ့ ရပေမယ့် ရန်ကုန် မြို့ရှိ အထပ်မြင့်နေသူတွေ မှာလည်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု သတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေထံ မှ သိရပါတယ်။



