ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ တရုတ်ရွှေမိုင်းတွင်းများကြောင့် ချင်းမိုင်နှင့်ချင်းရိုင် ခရိုင်များမှ ပြည်သူများ Kok မြစ်(နမ့်ခုတ်မြစ်) ရေကို မသုံးစွဲကြရန် ချင်းမိုင်ခရိုင် သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Arveera Pakamat က သတိပေးအကြံပြုချက် ထုတ်ပြန်ခဲ့သည်။၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်တွင် ရွှေမိုင်းလုပ်ကွက်များ မရှိသေးဘဲ နောက်ပိုင်းမှ တရုတ်ကုမ္ပဏီများ၏ ရွှေမိုင်းတွင်းလုပ်ကွက်များပေါ်ပေါက်လာကာ မိုင်းဆတ်မှာပင် တရုတ်နိုင်ငံသား ၃၀၀ ကျော်ဖြင့် ရွှေမိုင်းတွင် ၄ ခု လုပ်ဆောင်နေကြောင်း မြန်မာလူ့အခွင့်အရေးအဖွဲအစည်းများ၏ မှတ်တမ်းများအရ သိရှိရသည်။



