မြန်မာ့လက်ရွေးစင်အသင်း၏နောက်ခံကစားသမား ဟိန်းဇေယျာလင်းသည် ဂျပန် - မြန်မာ ( ကမ္ဘာ့ဖလား
ခြေစစ်ပွဲ ) မှ လက်ဆောင်ရရှိခဲ့သည့် ဂျပန်တိုက်စစ်မှူး မီနာမီနို၏ ဂျာစီကို ငလျင်ဒဏ်သင့်ပြည်သူများသို့ လှူဒါန်းနိုင်ရန် လေလံတင်ထားလျှက်ရှိကြောင်းသိရှိရပါသည်။ကြမ်းခင်းဈေး မြန်မာငွေ ( ၅ ) သိန်းကျပ် သတ်မှတ်ထားပြီး ဧပြီလ ( ၄ ) ရက်နေ့မှ ( ၇ ) ရက်နေ့အထိလေလံတင်သွားမှာလည်း ဖြစ်ပါတယ်။



