မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ ကျုံးအနောက်ဘက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ရွေ့လျားဆေးကုသခန်း(Mobile Clinic) ကို ဧပြီ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်ဟု MRCS မှ ထုတ်ပြန်ခဲ့သည်။ထိုနောက် လူပေါင်း ၁၃၀ ဝန်းကျင်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ထားပြီဖြစ်ကြောင်း၊ အခြား နေရာများတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က ထုတ်ပြန်ခဲ့သည်။



