back

တာချီလိတ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်(၁၉)ဦး သက်တမ်းလွန် နိုဗူးသောက်မိရာမှ အစာအဆိပ်သင့်

Apr 04 • 1:34 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်(၁၉)ဦး သက်တမ်းလွန် နိုဗူးသောက်မိရာမှ အစာအဆိပ်သင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  မူကြိုကျောင်းတစ်ကျောင်းတွင် (၅)နှစ်အောက် ကလေးငယ်များ သက်တမ်းလွန်သည့် နိုချဉ်ဘူးသောက်မိပြီး အစာအဆိပ်သင့်၍ ဆေးခန်းသို...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  မူကြိုကျောင်းတစ်ကျောင်းတွင် (၅)နှစ်အောက် ကလေးငယ်များ သက်တမ်းလွန်သည့် နိုချဉ်ဘူးသောက်မိပြီး အစာအဆိပ်သင့်၍ ဆေးခန်းသို့ ပို့ဆောင်လိုက်ရသော်လည်း ကလေးငယ်များမှာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။မူကြိုကျောင်းမှ အသက်(၅)နှစ်အောက် ကလေးငယ် ယောက်ျားလေး (၁၀)ဦး နှင့် မိန်းကလေး(၉)ဦး စုစုပေါင်း (၁၉)ဦးသည် ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က နိုချဉ်ဗူးများသောက်ပြီး အနည်းငယ်အကြာတွင် မူးဝေ အော့အန်မှုများ၍ ဆေးခန်းသို့ ပို့ဆောင်လိုက်သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။




news-view-count-icon

25