မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်၊ မန္တလေး (၆)မြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ပျက်စီး သွားသည့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုအနေအထားများနှင့်ပတ်သက်ပြီး လူနေ ထိုင်ရန်သင့်မသင့်၊ ဖြိုဖျက်ရန်လိုအပ်မှု ရှိမရှိများအား ကျွမ်းကျင်အင်ဂျင်နီယာ ကြီးများပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးပေးမည်ဟု ဆိုသည်။ထိုကြောင့် ဆောင်ရွက်လိုသည့်အိမ်ရှင်များမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆ လမ်း၊ ၇၁ လမ်းx ၇၂ လမ်းကြားသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။



