အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ရှိ မီးသတ်ရုံးချုပ်နှင့်မီးသတ်ဦးစီးမှူးရုံး မျှော်စင်ပြိုကျရာ ကလေးငယ်တစ်ဦး ကွယ်လွန်ပြီး မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး ဒဏ်ရာရရှိသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ပြိုကျပျက်စီးခဲ့သော မီးသတ်ဦးစီးဌာန (နေပြည်တော်)ရုံးချုပ်နှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး အဆောက်အအုံပေါ်ရှိ ငါးထပ် မီးသတ်မျှော်စင်နှင့် မီးသတ်ရုံးကြီးအား ဧပြီ ၅ ရက်တွင် အန္တရာယ်ရှိ အဆောက်အဦးအပေါ်ပိုင်း အစိတ် အပိုင်း များအား ဖြိုချဖျက်စီး ရှင်းလင်းဖယ်ရှားမည်ဖြစ်သည်။



