back

မန္တလေးသို့ ဆေးကုသွားသည့် ရွာငံ ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံး

Apr 04 • 12:37 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးသို့ ဆေးကုသွားသည့် ရွာငံ ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။သေဆုံးသွားသ...

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။သေဆုံးသွားသူများသည် အသက် (၇၀)အရွယ်ရှိ ဒေါ်ကြင်ဟန်နှင့် သားဖြစ်သူ အသက်(၄၄)နှစ်အရွယ် ညီညီ နှင့် အသက် ၄၀ အရွယ်ရှိ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသားတစ်ဉီး တို့သည် မတ် ၂၈ရက်တွင် မန္တလေးသို့ ဆေးသွားကု သွားသည့် လမ်း၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြင့် ကြုံခဲ့ရသည်။ထိုအပြင် ရွာငံဒေသ၌ ငလျင်ဒဏ်ကြောင့် စေတီပုထိုးများ ၊ နေအိမ်အဆောက်ဦးများ ပြိုကျပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုများ မူးဝေ အော့အန်ခြင်းများ ဖြစ်ပေါ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။



news-view-count-icon

13