မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈x၁၁၅)လမ်းထောင့်ရှိ အောင်မြင့်မိုရ်ဟိုတယ် အဆောက်အအုံ မှ ၄.၄.၂၀၂၅ ရက်နေ့၊ ၁၅ :၅၉ အချိန်တွင် မ(၁)ဦး၊ ၁၆ :၁၇ အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၂)ဦး၏ ရုပ်အလောင်းများအား ရှာဖွေထုတ်ယူနိုင်ခဲ့ကြောင်း သိရပါသည်။



