back

ငလျင်ဘေးဒဏ်ခံရသော်လည်းလူသိနည်းပြီး အလှူရှင်သိပ်မရောက်သည့် ကမ်းပါးနီရွာ အကူအညီလိုအပ်နေ

Apr 04 • 11:07 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဘေးဒဏ်ခံရသော်လည်းလူသိနည်းပြီး အလှူရှင်သိပ်မရောက်သည့် ကမ်းပါးနီရွာ အကူအညီလိုအပ်နေ

အင်အားပြင်းငလျင်ကြောင့် နေအိမ်အဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့သည့် မန္တလေးတိုင်း သာစည်နယ်နှင့် ရှမ်းပြည်နယ် ကလောနယ်စပ်ကြားရှိ ကမ်းပါးနီရွာသည် ယခုအထိချိန် အလှူရ...

အင်အားပြင်းငလျင်ကြောင့် နေအိမ်အဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့သည့် မန္တလေးတိုင်း သာစည်နယ်နှင့် ရှမ်းပြည်နယ် ကလောနယ်စပ်ကြားရှိ ကမ်းပါးနီရွာသည် ယခုအထိချိန် အလှူရှင်တွေ နည်းပါးပြီး ပြန်လည်ထူ ထောင်ရေးအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။ကမ်းပါးနီရွာသည် အိမ်ခြေစုစုပေါင်း (၆၅)အိမ်ရှိပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ(၁၈) အိမ် ရှိကြောင်း ငလျင်ဘေး ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။ကမ်းပါးနီရွာသည် ယခင်ရေဘေးက စိုက်ခင်း၊ တံတား၊ မြေ ပြိုမှုများ ရှိခဲ့ပြီး ရွာသည် ချောင်ကျသော ဒေသဖြစ်သောကြောင့် အလှူရှင်သိနည်းခြင်း အပြင် လမ်းပန်း ဆက်သွယ်ရေးလည်း အခက်ခဲရှိကြောင်း သိရသည်။



news-view-count-icon

20