စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းကို သံဃာတော်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထနဲ့ တူးထုတ်နိုင်ခဲ့တယ်လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးတစ်ပါးထံမှ သိရပါသည်။မင်းကွန်းတောင်ရိုးရှိ ငလျင်ကြောင့် လှိုင်ဂူပြိုကျပြီး လှိင်ဂူထဲမှာ ပိတ်မိနေတဲ့ ကိုရင် ၁ ပါးနဲ့ ဘုန်းကြီး ၂ ပါးရဲ့ ရုပ်ကလာပ်ကို မနေ့ ဧပြီ ၃ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါသည်။ဒီနေ့ ဧပြီ ၄ ရက်အထိ စာရင်းအရ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးနဲ့ ဒဏ်ရာရသူ ၄၅၈၉ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၂၁ ဦး ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။



