back

ငလျင်ဘေးသင့်လို့ ကျုံးဘေးပလက်ဖောင်းဘေးယာယီနေကြသူတွေ နေရေးထိုင်ရေးအခက်တွေ့နေ

Apr 04 • 11:05 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဘေးသင့်လို့ ကျုံးဘေးပလက်ဖောင်းဘေးယာယီနေကြသူတွေ နေရေးထိုင်ရေးအခက်တွေ့နေ

မန္တလေးကျုံးဘေးပလက်ဖောင်းဘေးယာယီနေထိုင်ကြသည့် ငလျင်ဘေးသင့်ပြည်သူများ နေထိုင်ရန် အခက်တွေ့နေကြောင်း သိရသည်။ ငလျင်ကြောင့် အထပ်မြင့်တိုက်ခန်းများအပြင် လုံးချင်းနှစ်...

မန္တလေးကျုံးဘေးပလက်ဖောင်းဘေးယာယီနေထိုင်ကြသည့် ငလျင်ဘေးသင့်ပြည်သူများ နေထိုင်ရန် အခက်တွေ့နေကြောင်း သိရသည်။ ငလျင်ကြောင့် အထပ်မြင့်တိုက်ခန်းများအပြင် လုံးချင်းနှစ်ထပ်တိုက်မှလေးထပ်တိုက်များအထိ ပြိုကျပျက်စီးခဲ့ရ သည့် နန်းမြိုအနီး၀န်းကျင်ရပ်ကွက်များမှဒေသခံပြည်သူများသည် နီးစပ်ရာနေရာများနှင့်မလုံလောက်သဖြင့် ကျုံးဘေးပလက်ဖောင်းဘေးပတ်လည်တစ်လျှောက် ယာယီသွားရောက်နေထိုင်နေကြရသည်။၎င်းတို့အနေနှင့် နောက်ထပ်ငလျင်ထပ်လှုပ်မည့်ကောလာဟလသတင်းများ၊ နေအိမ်အဆောက်အဦးအတွင်း ဆက်လက်နေထိုင်ရန်မသင့်တော့သည့်အခြေအနေများကြောင့် နီးစပ်ရာနေများတွင် ယာယီခိုလှုံနေကြရခြင်း ဖြစ်ကြောင်းသိရသည်။သက်ဆိုင်ရာဘက်ကတော့၊ ကျုံးဘေးပတ်လည်တွင်နေထိုင်ခြင်းအားခွင့်မပြုကြောင်း၊ ယာယီနေ ထိုင်ရန်ကုသိုလ်တော်ဘုရားဘေးတွင်ယာယီတဲအလုံး(၈၀)စီစဉ်ထားကြောင်း၊ ၎င်းနေရာသို့သာပြောင်းရွေ့နေ ထိုင်ကြရန် ယမန်နေ့မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်ဖြင့်လိုက်လံကြေညာသွားကြောင်းသိရသည်။



news-view-count-icon

11