သုခဒိုင်းမွန်းရဲ့ သမီးဖြစ်သူ ၊မြန်မာidolပြိုင်ပွဲဝင်ရဲေနာင်ရဲ့ဇနီးနှင်းဆီလင်းဝင်းဟာဆုံးပါးသွားတဲ့ မိသားစုတွေကို သယ်ထုတ်နိုင်ခဲ့ပြီးနောက် အခုမှပဲ အိမ်သို့ပြန်ခေါ်လာနိုင်တော့တယ်လို့ သူမက ပြောပါတယ်။ အမေအရမ်းကြိုက်တတ်တဲ့ မုန့်ဟင်းခါး၊ အမဖြစ်သူကြိုက်တတ်တဲ့ မုန့်အချိုအပြင် ခဲအိုအကြိုက် ဖရဲသီးနဲ့ တူမလေးအကြိုက် Jelly လေးတွေကိုစားဖို့ ထည့်ထားပေးတာပါ။ ပိတ်မိနေတဲ့အတောအတွင်းမှာ ရေအရမ်းဆာနေမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရေသောက်ဖို့ပါထားထားပေးသေးတာလည်းဖြစ်ပြီးအဆိုတော်ရဲနောင်ရဲ့ အမျိုးသမီး မိသားစုဝင်တွေဟာ Sky Villa Condo ပြိုကျမှုမှာ ပါဝင်ခဲ့ပြီး ရက်အတော်ကြာသည်အထိ အလျင်မီမကယ်ဆယ်နိုင်ခဲ့တဲ့နောက် မိသားစုဝင် ၄ ဦးလုံး ကိုဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
တစ်မိသားစုလုံးကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီလို့ သုခဒိုင်းမွန်းရဲ့ သမီးဖြစ်သူ ၊မြန်မာidolပြိုင်ပွဲဝင်ရဲေနာင်ရဲ့ဇနီးနှင်းဆီလင်းဝင်းဆို
Apr 04 • 8:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


