အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးချုပ် မိုဒီက “ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်။ သူဟာ အုပ်ချုပ်ရေးနဲ့ မူဝါဒချမှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အတွေ့အကြုံများစွာရှိပါတယ်။ သူဟာ အိန္ဒိယရဲ့ မိတ်ဆွေ ကောင်း တစ်ဦးဖြစ်ပြီး Atal Ji နဲ့ အလွန်နွေးထွေးသော ဆက်ဆံရေးရှိပါတယ်”ဟု သူ၏ လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်ခဲ့သည်။
Apr 04 • 9:19 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


