ဧပြီလ ၃ ရက်နေ့ ၁၅နာရီ၂၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ဟိုလပ်(၂)ကျေးရွာအနီးတွင် လမ်းလျှောက်လာသူ မောချာ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောချာ(၄၅)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
Apr 04 • 8:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


