အမေရိကန်သို့ တင်ပို့သည့် ထိုင်းပို့ကုန်များအပေါ် အပြန်အလှန် အကောက်ခွန်(reciprocal tariffs) ၃၆ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြေညာချက်နှင့်ပတ်သက်ပြီး ပြင်ဆင် ထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ပြောကြားခဲ့သည်ဟု Thai PBS World သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။ မိမိတို့ အစိုးရအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ၊ သွင်းကုန် အခွန်များ ပြန်လည်ပြင်ဆင်မှု အပါအဝင် အစီအမံများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း သူမက ပြောသည်။



