back

ပြည်တွင်းငလျင်ကြောင့် ပိတ်ထားတဲ့ နေပြည်တော်လေဆိပ် ပြန်ဖွင့်တော့မည်

Apr 04 • 7:42 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပြည်တွင်းငလျင်ကြောင့် ပိတ်ထားတဲ့ နေပြည်တော်လေဆိပ် ပြန်ဖွင့်တော့မည်

ပြည်တွင်းငလျင်ကြောင့် ပိတ်ထားတဲ့ နေပြည်တော် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို မနက်ဖြန် ဧပြီ ၅ ရက်နေ့၊ မနက် ၆ နာရီမှာ ပြန်လည် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်...

ပြည်တွင်းငလျင်ကြောင့် ပိတ်ထားတဲ့ နေပြည်တော် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို မနက်ဖြန် ဧပြီ ၅ ရက်နေ့၊ မနက် ၆ နာရီမှာ ပြန်လည် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဧပြီလ ၃ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တဲ့ မန္တလေးလေဆိပ်နဲ့ နေပြည်တော်လေဆိပ် လေယာဉ်ဆင်းသက် ပျံသန်းမှုတွေကို အဲဒီနေ့ကနေစပြီး ယာယီ ရပ်နားထားခဲ့တာ ဖြစ်ကာဧပြီ ၄ ရက်၊ မနက် ၆ နာရီမှာတော့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး လေယာဉ်ခရီးစဉ်တချို့ ပျံသန်း ပြေးဆွဲပေးနေပြီဖြစ်သလို နေပြည်တော် လေဆိပ်ကိုလည်း မနက်ဖြန် ဧပြီ ၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။




news-view-count-icon

14