back

ကုလကူညီထောက်ပံ့ရေးအကြီးအကဲ မြန်မာနိုင်ငံသို့ ယနေ့လာမည်

Apr 04 • 7:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကုလကူညီထောက်ပံ့ရေးအကြီးအကဲ မြန်မာနိုင်ငံသို့ ယနေ့လာမည်

ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဘေးကြုံနေရတဲ့ မြန်မာနိုင်ငံသို့ သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ကုလအတွင်းရေး...

ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဘေးကြုံနေရတဲ့ မြန်မာနိုင်ငံသို့ သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောခဲ့ပြီး နိုင်ငံတကာ ရန်ပုံငွေပိုမိုရရှိရေးနဲ့ နိုင်ငံအတွင်း အကူအညီများ အတားအဆီးမရှိ လျင်မြန်စွာ ရောက်ရှိရေးအတွက် တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ဟာလည်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်အတိုင်း လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

13