ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အစားအသောက်ထက် အိမ်ဆောက်ပစ္စည်းများအကူညီ ပိုမိုလိုအပ်ချက်ရှိကြောင်း ဒေသခံများက ပြောပါတယ်။လက်ရှိ အချိန်တွင် အစားအသောက် ၊ သောက်ရေသန့် ၊ မိုးကာများကိုသာ အဓိက လာရောက်လှူဒါန်းကြသူများပြားပြီး အိမ်ဆောက်ပစ္စည်း လှူဒါန်းသူ နည်းပါးနေပြီး ကျေးရွာများအတွက် သန့်ရှင်းသော သောက်ရေသန့် အစဉ်အမြဲရရှိရေးသည်လည်း လိုအပ်ချက်တစ်ခုနှင့် ပြန်လည်ထူထောင်ရေး အတွက် နေအိမ်များပြင်ဆင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းသည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် တွင် ငလျင်ဘေးဒဏ်သင့် ကျေးရွာအုပ်စုပေါင်း ၁၀ ခု ၊ ကျေးရွာပေါင်း ၂၂ ရွာ ရှိ လူဦးရေ တစ်သောင်းကျော် တို့သည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ရှိ ငလျင်ဒဏ်သင့်အင်းလေးဒေသတွင် အစားအသောက်ထက် အိမ်ဆောက်ပစ္စည်းများအကူညီ ပိုမိုလိုအပ်
Apr 04 • 6:29 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


