နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့် သံဃာနဲ့သီလရှင်တွေအပြင် ပြည်သူလူထုတွေ အတွက် ရွှေသံလွင်ကုမ္ပဏီမိသားစုကနေ နေ့စဉ်ထမင်းဘူးပေါင်း ၈ သောင်း လှူဒါန်းသွားမယ်လို့ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌက ပြောပါတယ်။ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌနဲ့ ဝန်ထမ်းတွေအပြင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းက လှူဒါန်းမယ့်အစီအစဉ်အနေနဲ့ မနက်ကို ထမင်းဘူး ၄ သောင်းစာနဲ့ ညနေကို ထမင်းဘူး ၄ သောင်းစာ ချက်ပြုတ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလှူဒါန်းနိုင်ဖို့အတွက် A Group ၊ B Group ၊ C Group၊ D Group ခွဲပြီး ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်ဖို့ ဥက္ကဋ္ဌက ညွှန်ကြားခဲ့ပါတယ်။ အဲဒီအပြင် ဥက္ကဋ္ဌက လှူဒါန်းမှုကို ဆယ်ရက်တိတိ လှူဒါန်းနိုင်ဖို့ လျာထားပြီး ဆန်အိတ်ပေါင်း ၂၅၀၀ အပြင် ချက်ပြုတ်ရမယ့်အိုးတွေ ဆန်၊ ဆီ၊ ကြက်သွန်ကြော် တွေနဲ့ ဟင်းချက်စရာတွေရရှိအောင် ကြိုတင်စီစဉ်ထားဖို့လိုတယ်လို့လည်း မှာကြားခဲ့ပါသေးတယ်။



