back

မန္တလေးမြို့၊ ၃၄×၃၅ လမ်း၊ ၈၅ လမ်းရှိ ပြိုကျ အဆောက်အအုံများအတွင်းမှ သံဃာ ၂ ပါးအပါအဝင် သေဆုံး ၅ ဦး ထပ်မံတွေ့ရှိခဲ့

Apr 04 • 5:19 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးမြို့၊ ၃၄×၃၅ လမ်း၊ ၈၅ လမ်းရှိ ပြိုကျ အဆောက်အအုံများအတွင်းမှ သံဃာ ၂ ပါးအပါအဝင် သေဆုံး ၅ ဦး ထပ်မံတွေ့ရှိခဲ့

မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ ၃၄×၃၅ လမ်း၊ ၈၅ လမ်းရှိ ပြိုကျပျက်စီးခဲ့တဲ့ ဦးလှသိန်းသာသနာ့ဗိမာန် အဆောက်အအုံအတွင်းကနေ ပျံလွန်တော်မူ သံဃာ ၂ ပါး...

မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ ၃၄×၃၅ လမ်း၊ ၈၅ လမ်းရှိ ပြိုကျပျက်စီးခဲ့တဲ့ ဦးလှသိန်းသာသနာ့ဗိမာန် အဆောက်အအုံအတွင်းကနေ ပျံလွန်တော်မူ သံဃာ ၂ ပါးရဲ့ ရုပ်အလောင်းအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ပြိုကျ အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို မြန်မာ၊ ဗီယက်နမ်နဲ့ အိန္ဒိယ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ ကမ္ဘောဇဘဏ်အဆောက်အအုံအတွင်းကနေ ၁၂နာရီ၀၈ အချိန်မှာ သေဆုံးသူ Customer အမျိုးသမီးတယောက်နဲ့ ည ၁၈နာရီ၄၆ အချိန်မှာ Customer အမျိုးသားတယောက်တို့ရဲ့အလောင်းတွေကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာလည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၂၂၀၄ အဆောက်အဦအတွင်းကနေ မနေ့ည ၁၈နာရီ၃၀ မိနစ်အချိန်မှာ သေဆုံးသူ အမျိုးသမီးတစ်ယောက်ရဲ့ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။


news-view-count-icon

16