စစ်ကိုင်းနှင့် မန္တလေးမြို့တို့တွင် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိ အလွန်အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ ဧပြီ(၄)ရက် နံနက်ပိုင်းအချိန်အထိ နောက်ဆက်တွဲငလျင် အရေအတွက် (၇၁)ကြိမ် လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရပါတယ်။အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည် မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူမြို့စသည်တို့တွင် အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒဿမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒဿ မ ၈ အဆင့်အထိ နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။



