back

ဂျပန်နိုင်ငံ Noto ငလျင်လှုပ်ပြီး ၁၅ လ ကြာခဲ့ပေမဲ့ လူ ၁၃,၀၀၀ ကျော် ယာယီအိမ်ရာတွေမှာ နေနေဆဲ

Apr 03 • 3:12 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံ Noto ငလျင်လှုပ်ပြီး ၁၅ လ ကြာခဲ့ပေမဲ့ လူ ၁၃,၀၀၀ ကျော် ယာယီအိမ်ရာတွေမှာ နေနေဆဲ

ပြီးခဲ့တဲ့ ၁၅ လက Ishikawa ခရိုင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူ ၁၃,၀၀၀ ကျော်ဟာ ယာယီအိမ်ရာတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ...

ပြီးခဲ့တဲ့ ၁၅ လက Ishikawa ခရိုင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူ ၁၃,၀၀၀ ကျော်ဟာ ယာယီအိမ်ရာတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့က Noto ကျွန်းဆွယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် Ishikawa ၊ Toyama နဲ့ Niigata ခရိုင်တွေမှာ လူ ၅၇၀ သေဆုံးခဲ့ပါတယ်။ ခရိုင်အတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူတွေအတွက် ယာယီအိမ်ရာ ၆,၈၈၂ လုံး ဆောက်လုပ်ထားပြီး အဲဒီမှာ လူ ၁၃,၆၁၉ ဦး နေထိုင်နေဆဲ ဖြစ်ပါတယ်။ အများစုဟာ တစ်ဦးတည်း နေထိုင်နေကြတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး လူ့အဖွဲအစည်းနဲ့ ကင်းကွာသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။.



news-view-count-icon

14