လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၏ ဖခင်ဖြစ်သူ လာအိုသမ္မတဟောင်း Khamtai Siphandone သည် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အသက် ၁၀၂ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး ခမ်တိုင်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ပထမဆုံးသော ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး အမျိုးသားတော်လှန်ရေးကို ထိန်းကျောင်းကာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပေးခဲ့သော ပါတီဗဟိုခေါင်းဆောင်မှုတွင် အဓိကကျသူဖြစ်ကြောင်း လာအိုမီဒီယာမှ ဖော်ပြခဲ့သည်။



