NHK ရဲ့ စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံတစ်ဝန်းရှိ မြူနီစီပယ်အုပ်ချုပ်ရေးဒေသ အများအပြားမှာ သဘာဝဘေးအန္တရာယ်နဲ့ ဆက်နွှယ်တဲ့သေဆုံးမှုအတွက် ကြိုတင်ပြင်ဆင်ထားတာ မရှိသေးကြောင်း တွေ့ရပါတယ်။ သဘာဝဘေးနဲ့ ဆက်စပ်သေဆုံးမှုတွေဟာ ကနဦးဖြစ်ပွားတဲ့ငလျင် ဒါမှမဟုတ် ဆူနာမီကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတွေနဲ့ ဘေးလွတ်ရာသို ရွှေ့ပြောင်းတာနဲ့ဆက်နွှယ်တဲ့ ပြဿနာတွေကြောင့် သေဆုံးသူတွေကို ရည်ညွှန်းပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းကမ်းလွန်ရှိ Nankai Trough မှာ လှုပ်မယ်လို တွက်ဆထားတဲ့ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ထားတယ်လို့ ဂျပန်အစိုးရက ဧပြီလ ၁ ရက် တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။



