ဂျပန်အနောက်ပိုင်းရှိ အဏုမြူဗုံးကြဲချခံခဲ့ရတဲ့ Hiroshima မြို့ထဲက ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံမှာ ချယ်ရီပန်းတွေ ပင်လုံးကျွတ်ပွင့်နေပြီး လူအများပြား လာရောက်ကြည့်ရှုခံစားနေကြပါတယ်။ အဲဒီပန်းခြံမှာ ချယ်ရီပင် ၃၀၀ လောက် ရှိပါတယ်။ ဧပြီလ ၁ ရက် တနင်္လာနေ့မှာ နွေဦးရာသီ ရောက်လာတာကို လူတွေက ကြိုဆိုခဲ့ကြပါတယ်။ တချို့က ချယ်ရီပင်အောက်မှာ နေ့လယ်စာထမင်းဘူးနဲ့ ထမင်းစားကြပါတယ်။ တချို့ကတော့ ဓာတ်ပုံရိုက်နေခဲ့ကြပါတယ်။



