back

အန္တရာယ်ရှိ အဆောက်အဦးအဖြစ်သတ်မှတ်ပြီး ကယ်ဆယ်ရေးတွေရပ်နားထားတဲ့ ဂရိတ်ဝေါလ် ဟိုတယ်ကို ရှာဖွေ ကယ်ဆယ်ရေး ပြန်လုပ်၊

Apr 03 • 3:01 PM

breaking-news

မြန်မာ

မန္တလေး

cover

အန္တရာယ်ရှိ အဆောက်အဦးအဖြစ်သတ်မှတ်ပြီး ကယ်ဆယ်ရေးတွေရပ်နားထားတဲ့ ဂရိတ်ဝေါလ် ဟိုတယ်ကို ရှာဖွေ ကယ်ဆယ်ရေး ပြန်လုပ်၊

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဂရိတ်ဝေါလ်ဟိုတယ်ကို အချိန်မရွေး ထပ်မံပြိုကျနိုင်တာကြောင့် အန္တ ရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရှာဖွေရေးတ...

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဂရိတ်ဝေါလ်ဟိုတယ်ကို အချိန်မရွေး ထပ်မံပြိုကျနိုင်တာကြောင့် အန္တ ရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရှာဖွေရေးတွေ ရပ်ဆိုင်းထားခဲ့ပေမဲ့ ဧပြီလ ၃ ရက် ဒီကနေ့ မှာ အဆောက်အဦးတွင်း ပိတ်မိနေသူတွေရဲ့ မိသားစုတွေတောင်းဆိုချက်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ဂရိတ်ဝေါလ်ဟိုတယ်အတွင်း ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်တာမို့ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကို မရပ်တန့် ပစ်ဘဲ ဆက်လက်ရှာဖွေကယ်ဆယ်ပေးဖို့အဆောက်အဦးအတွင်း ပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေက အဲဒီဟို တယ်ရှေ့ ငိုယိုတောင်းပန်နေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် ဒီကနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့တာလိုဆိုပါတယ်။



news-view-count-icon

19