ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ၊ ရေအေးကွင်းရပ်ကွက်ရှိ တုံဟွာတရုတ်ဘာသာနှင့် ကွန်ပျူတာသင်တန်းကျောင်းသည် ငလျင်ဒဏ်ကြောင့် ကျောင်းတိုင်တချို့နှင့် အုတ်နံရံများ အက်ကွဲမှုဖြစ်ပေါ် ခဲ့သော်လည်း ကျောင်းဆက်ဖွင့်နေသဖြင့် စိုးရိမ်မိကြောင်း ကျောင်း သားမိဘများ အကြံပြုချက်အရ ကျောင်းပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ကျောင်းတာဝန်ရှိသူများမှ ကျောင်း ဆောင် ကို နားလည်တတ်ကျွမ်းသူများဖြင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် ဧပြီလ ၃ ရက်မှ စ၍ ကျောင်းခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။



