back

ပျော်ဘွယ် KBZ ဘဏ် အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ထပ်ရှာစရာမရှိတော့၍ ရှာဖွေမှု ရပ်ဆိုင်း

Apr 03 • 3:03 PM

breaking-news

မြန်မာ

မန္တလေး

cover

ပျော်ဘွယ် KBZ ဘဏ် အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ထပ်ရှာစရာမရှိတော့၍ ရှာဖွေမှု ရပ်ဆိုင်း

မန္တလေးတိုင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ် (KBZ Bank) အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိနေသူများထဲက သေဆုံးသူ၏ ရုပ်အလောင်း (၂)လောင်းက...

မန္တလေးတိုင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ် (KBZ Bank) အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိနေသူများထဲက သေဆုံးသူ၏ ရုပ်အလောင်း (၂)လောင်းကို ယနေ့ ဧပြီလ (၃)ရက်နေ့တွင် ထပ်မံတွေ့ရှိရပြီးနောက် ရရှိထားသည့် လူဦးရေ စာရင်းများအရ ရှာဖွေမှု ပြီးစီးပြီဖြစ်၍ KBZ Bank အဆောက်အဦးအတွင်း ရှာဖွေမှု ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ယနေ့ ဧပြီလ(၃)ရက်နေ့နေ့လယ်(၁၂)နာရီ (၈)မိနစ်အချိန်တွင် သေဆုံးသူ Customer အမျိုးသမီး(၁)ဦး၏ အလောင်းကို လည်းကောင်း၊ ည(၆)နာရီ (၄၆)မိနစ်အချိန်တွင် နောက်ထပ် Customer အမျိုးသား(၁)ဦးကိုလည်းကောင်း ထပ်မံတွေ့ရှိရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။




news-view-count-icon

16