back

အမေရိကန် လေကြောင်းလိုင်းရဲ့ လေယာဉ်မှာ မီးခိုးတွေ ထွက်လာလို့ အရေးပေါ် ဆင်းသက်ခဲ့ရ

Apr 03 • 12:31 PM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် လေကြောင်းလိုင်းရဲ့ လေယာဉ်မှာ မီးခိုးတွေ ထွက်လာလို့ အရေးပေါ် ဆင်းသက်ခဲ့ရ

အမေရိကန် လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးဟာ မီးခိုးတွေထွက်လာတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်တွေကို အမြန်ကယ်ထုတ်ခဲ့ရပါတယ်။ American Eagle လေကြောင်းလိုင်း...

အမေရိကန် လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးဟာ မီးခိုးတွေထွက်လာတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်တွေကို အမြန်ကယ်ထုတ်ခဲ့ရပါတယ်။ American Eagle လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ အင်္ဂါနေ့ နံနက် ၁၀ နာရီ (ရန်ကုန် စံတော်ချိန် ည ၈ နာရီ ဝန်းကျင်)မှာ ဂျော်ဂျီယာမှ Augusta Regional လေဆိပ်ကို ဆင်းသက်စဉ်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ မြောက်ကယ်ရိုလိုင်းနား မှ Charlotte Douglas လေဆိပ်ကနေ ထွက်ခွာလာတာ ဖြစ်ပါတယ်။ အခု ဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အမေရိကန် လေကြောင်း အာဏာပိုင် (FAA) က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ 



news-view-count-icon

17