ဘန်ကောက် လွှတ်တော်အမတ် Suphanat Minchaiynunt က ငလျင်ကြောင့် နေအိမ်နဲ့ ကွန်ဒို ပျက်ဆီးသွားတဲ့ အိမ်ပိုင်ရှင်တွေဟာ အစိုးရထံကနေ လျော်ကြေး ငွေ ဘတ် ၄၉,၅၀၀ အထိ တောင်းနိုင်တယ်လို့ ပြောပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဌာန (DDPM) က လျော်ကြေးငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Suphanat က လျှောက်ထားသူတွေဟာ ဘန်ကောက်၊ Nonthaburi ၊ Samut Prakan နဲ့ Pathum Thani ၊ ချင်းမိုင်၊ ချင်းရိုင်၊ Lamphun ၊ Phrae ၊ Phichit ပြည်နယ်မှ သတ်မှတ် ဧရိယာတွေမှာ နေထိုင်သူ ဖြစ်ရပါမယ်လို့ ပြောပါတယ်။



