back

ထိုင်းမှာ Digital Arrival Card စနစ်ကို မေလ ၁ ရက်နေ့မှာ စတင်မည်

Apr 03 • 12:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ Digital Arrival Card စနစ်ကို မေလ ၁ ရက်နေ့မှာ စတင်မည်

ထိုင်းရဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခရီးသွားတွေ အဆင်ပြေစေဖို့အတွက် သမားရိုးကျ စာရွက်စာတမ်း အခြေပြု TM.6 Arrival Form ကို အစားထိုးမယ့် “Thailand Digital Arriv...

ထိုင်းရဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခရီးသွားတွေ အဆင်ပြေစေဖို့အတွက် သမားရိုးကျ စာရွက်စာတမ်း အခြေပြု TM.6 Arrival Form ကို အစားထိုးမယ့် “Thailand Digital Arrival Card “ (TDAC) စနစ်ကို ကြေညာလိုက်ပါတယ်။ TDAC စနစ်ကို မေလ ၁ ရက်နေ့မှာ စတင် ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး ခရီးသွားတွေဟာ ထိုင်းကို မလာခင်မှာ အွန်လိုင်းကနေ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ထိုင်းကို လာရင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ လုပ်ဆောင်ရတဲ့ အချိန်တွေကို လျှော့ချနိုင်မှာ ဖြစ်ပြီး မြန်မြန်ဆန်ဆန် ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။ 



news-view-count-icon

18