မြန်မာက ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ ငလျင်လှုပ်ခတ်မှု အဆိုးဆုံးနိုင်ငံစာရင်းမှာ နံပါတ် ၁၇ ရသွားပြီး ထိုင်းနိုင်ငံဟာ အဆင့် ၅၉ မှာ ရှိနေပါတယ်။ ထိုင်းမှာ ဒီနှစ်အတွင်း ငလျင်လှုပ်ခတ်မှု ၅၉ ကြိမ်ရှိခဲ့ပြီး အပြင်းဆုံး အနေနဲ့ ၄.၉ မဂ္ဂနီကျု ရှိပါတယ်။ Earthquakelist.org က ကမ္ဘာ့ ငလျင်လှုပ်ခတ်မှု အများဆုံး နိုင်ငံစာရင်းကို နေ့စဉ် တင်ပေးနေပြီး US Geological Survey နဲ့ European-Mediterranean Seismological Centre တို့ရဲ့ ဒေတာတွေကို အခြေခံကာ တွက်ချက်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၃၀၀ ကီလိုမီတာအတွင်း ရှိတဲ့ ၄ မဂ္ဂနီကျုနဲ့ အထက် ငလျင်တွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။



