ထိခိုက်ပျက်စီးမှုမရှိသည့် ရန်ကုန်မြို့ပတ်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး၊ ပုသိမ်-ကြံခင်း စသည့် လမ်းပိုင်းများတွင် လူစီးရထားများနှင့် ကုန်ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိသည်။ငလျင်ဒဏ်ကြောင့် ချိုယွင်းပျက်စီးသွားသော လမ်းပိုင်းနှင့်တံတားများ ပြုပြင်ခြင်းများအား မြန်မာ့မီးရထား တိုင်းနယ်မြေအလိုက် လူအင်အား၊ စက်အင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်မှုများဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-တောင်ငူ- နေပြည်တော်-သာစည်-မန္တလေး လမ်းပိုင်းတစ်ခုလုံးတွင် ရထားများ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



