ငလျင်လှုပ်ခတ်ပြီးနောက် လေဆိပ်နှစ်ခုအား အသုံးပြုမှုများကို ခေတ္တရပ်နားထားရပြီး နေပြည်တော် လေဆိပ်ကိုအရေးပေါ် ကယ်ဆယ်ရေးလေယာဥ်အချို့သာ စွန့်စွန့်စားစား ဆင်းသက်ခဲ့ခြင်း ရှိသည်။လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဧပြီလ (၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၆) နာရီတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဧပြီလ (၅) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၆) နာရီတွင် ပြန်လည် လည်ပတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



