ပြီးခဲ့သော ရက်ပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ရထားလမ်းပိုင်းများ၊ တံတားများနှင့် ဘူတာရုံများ ပျက်စီးခဲ့ရာတွင် ရန်ကုန်-မန္တလေးရထားလမ်းရှိ သာစည်နှင့်မန္တလေးကြား လမ်းပိုင်းတွင် အများဆုံးပျက်စီးခဲ့ ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါ လမ်းပိုင်းတွင် ပျက်စီးသောလမ်းနေရာပေါင်း ၃၀ နှင့် ထိခိုက်ပျက်စီးမှုကြုံသည့် တံတား ရှစ်စင်း ရှိကာ အများဆုံး ပျက်စီးမှုဖြစ်ခဲ့ပြီး တောင်ငူနှင့် နေပြည်တော်ကြားရထားလမ်းတွင် လမ်းပျက်စီးသောနေရာ ခုနစ်နေရာနှင့် ထိခိုက်ပျက်စီးသည့် တံတား သုံးစင်း၊ ကျောက်တံခါးနှင့် တောင်ငူကြားတွင် လမ်းပျက်စီးသော နေရာ ၂၃ နေရာ၊ ပျဉ်းမနားနှင့် တောင်တွင်းကြီးကြားတွင် လမ်းပျက်စီးသောနေရာ ၁၁နေရာနှင့် ထိခိုက်ပျက်စီး သော တံတားနှစ်စင်း၊ သာစည်နှင့် မိတ္ထီလာကြားတွင် ထိခိုက်ပျက်စီးသော တံတားနှစ်စင်းတို့ရှိခဲ့ကြောင်း ဆိုထားသည်။လက်ရှိတွင် ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပဲခူးလမ်း၊ ပုသိမ်-ကြံခင်းလမ်းနှင့် ရန် ကုန်မြိုပတ်လမ်း တို့တွင် လူစီးနှင့်ကုန်တင်ရထားများပုံမှန်ပြေးဆွဲနေပြီး ငလျင်ကြောင့် ရပ်နားထားရသည့်လမ်း ပိုင်း များတွင် လတ်တလော ပြင်ဆင်မှုများကိုသာ လုပ်ဆောင်နေကြောင်း သိရသည်။



